ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူ ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြား ရာတွင် (Working Group) မြေပြင်ကွင်းဆင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းတာဝန်များ၊ မြေပြင်ကွင်းဆင်းကောက်ယူရေး သတ်မှတ်ရက်မတိုင်မီ မြို့နယ်အဆင့်ကော်မတီ၊ ရပ်ကွက်ကော်မတီနှင့် မြေပြင် တစ်အိမ် တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များကို ဖွဲ့စည်းပြီး ကွင်းဆင်း ကောက်ယူရေး သတ်မှတ်ရက်များအတွင်း စနစ်တကျ မှန်မှန်ကန်ကန် ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားပြီး (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးက လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းစဉ် အခြေအနေတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာသည့်  မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

မြင့်မြင့်ရီ