မိုင်းယောင်း ဒီဇင်ဘာ ၂၅
ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့) တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်ရှိ ဘုရားကျောင်းများ၌ ကိုးကွယ်ယုံကြည်သူများ၊ ခရစ္စမတ်နေ့အထိမ်းအမှတ် ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားလျက်ရှိသည်။
အမှတ်(၁)ရပ်ကွက် ဝမ်မွန်ဘုရားကျောင်း၊ အမှတ်(၆)ရပ်ကွက် နောင်ရှဲန်ဘုရားကျောင်း၊ ဟွေထမ်၊ ဝမ်ယွတ်၊ နမ့်နော် စသည့် တိုင်းရင်းသားကျေးရွာ ဘုရားကျောင်းများ၌ ရောင်စုံမီးအလှများ၊ ကောင်းချီးမင်္ဂလာများနှင့်အတူ တိုင်းရင်းသားရိုးရာအကများ၊ ခရစ္စမတ်တေးသံများ၊ ရိုးရာအစားအစာများနှင့် မိတ်ဆုံစားပွဲ သုံးဆောင်သူများဖြင့် စည်ကားနေခဲ့သည်။
ထို့ပြင် အစိုးရရုံးပိတ်ရက်၊ ခရစ္စမတ်ရုံးပိတ်ရက်ကာလများဖြစ်သည်နှင့်အညီ တန်ခိုးကြီး ဘုရားစေတီများတွင်လည်း ကုသိုလ်ပြုသူများ၊ သွားရောက်လည်ပတ်သူများ၊ အနားယူအပန်းဖြေသူများဖြင့် အေးချမ်းသာယာ စည်ကားလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း