ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ဆောင်းကုလားပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဒေသနှင့် ကိုက်ညီသည့် ကုလားပဲမျိုး များ ပိုမိုပြောင်းလဲစိုက်ပျိုးလာကြောင်းနှင့် တံစိုးကျေးရွာမှ တောင်သူဦးခင်မောင်သန်း စိုက်ပျိုးထားသော ကုလားပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဒေသနှင့်ကိုက်ညီသည့် ကုလားပဲမျိုးများပြောင်လဲ စိုက်ပျိုးခြင်းများနှင့် ပတ်သတ်၍ ယခင်က နှစ်စဉ် ကုလာပဲစိုက် ရာသီရောက်တိုင် မိရိုးဖလာစိုက်နည်းဖြစ်တဲ့ ပက်ကျဲစနစ်နဲ့ အလွယ်တကူရရှိသည့် ကုလားပဲများများကို ဝယ်ယူစိုက်ပျိုး သည့်အတွက် ထွက်နှုန်းများ ရသင့်သလောက်မရကြောင်း၊ ထို့ကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆက်သွယ်၍ ရေ၊ မြေနှင့် ကိုက်ညီသည့် ရေဆင်း(၁၃)ကုလားပဲများကို ပြောင်းလဲပြီး သိပ္ပံနည်းဖြင့်စနစ်တကျ ပြောင်းလဲစိုက်ပျိုးခဲ့သော ကြောင့် စိုက်ခင်းများ ပိုမိုကောင်းမွန်လာပြီး အသီးထွက်နှုန်းသိသိသာသာ တိုးပွားလာမည်ဖြစ်ကြောင်း တံစိုးကျေးရွာမှ တောင်သူဦးခင်မောင်သန်းက ပြောပြသည်။

ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကုလားပဲစိုက်တောင်သူများစီးပွားရေး အဆင်ပြေ စေရေးအတွက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ရေဆင်း() ရေဆင်း(၁၂) ကုလားပဲ အနီမျိုးများနှင့် ရေဆင်း()၊ ရေဆင်း()၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃) ကုလားပဲအဖြူမျိုးများ ဖြန့်ဝေပေး လျက်ရှိပြီး စိုက်ခင်းများ အောင်မြင်စေရေး လိုအပ်သည့်တောင်သူများအား စိုက်နည်းစနစ်များ အနီးကပ်ကူညီ ပေးလျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲ (၈၀၇)ဧကလျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှသိရသည်။

သက်မောက်(ကျောက်ဆည်)