စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန် များကိုဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဖြူးရောင်းချခြင်းနှင့် Mask Campaingnဆောင်ရွက်

စမ်းချောင်း  ဒီဇင်ဘာ ၂၅

ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့်အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ် ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် ကျွန်းတော(တောင်)ရပ်ကွက် ရွှေပြည်အေးလမ်း ကျွန်းတော (တောင်) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီမှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစားသောက်ကုန်များကို ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆီနှင့်ကြက်ဥများကို အထူးဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်း ချပေးခဲ့ကြောင်း ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း  သိရသည်။

ထိုသို့ရောင်းချရာသို့ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် စမ်းချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများမြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့မြို့နယ်စည်ပင် မြို့နယ်သမဝါယမ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့နယ် ကြက်ခြေနီတို့ပါဝင်သော အုပ်ချုပ်ရေး စစ်ကြောင်းမှ ဦးဆောင်၍ ကြီးကြပ်ကူညီ ဆောင်ရွက် ပေးလျက်ရှိပြီး ကျန်းမာရေးစစ်ကြောင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာများက နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကိုစနစ်တကျ တပ်ဆင်သည့် အလေ့အကျင့် ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaingn လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

နီလာစိုး (ပြန်/ဆက်)