ဟိုပုံး ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖက်ရမ်းကျေးရွာအုပ်စု၊ ခိုက်တလော ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီးငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများကလုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေနှင့် ဌာနဆိုင်ရာများကကဏ္ဍအလိုက် ပြည်သူ့ ဝန်ဆောင်မှုဆောင်ရွက်နေမှုများ၊ ကျေးရွာနေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကိုလည်းကောင်း၊ မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး မြေပြင်ဆောင်ရွက်မည့်ကိစ္စရပ်များကို လည်းကောင်း၊ လယ်ယာမြေနှင့် ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းများကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။
အဆိုပါစစ်ကြောင်းကြီးငါးကြောင်းက ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာဒေသခံ ပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)