နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင် သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းဒေသရှိ Wilmar Myanmar ကုမ္ပဏီသို့ လာရောက်ကြည့်ရှု့စစ်ဆေး

ကျောက်တန်း ဒီဇင်ဘာ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်သည် သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးဝင်းမိုးနိုင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁)တို့လိုက်ပါလျက် ၂၃-၁၂-၂၀၂၂ ရက်နေ့နံနက် (၈)နာရီခွဲ အချိန်တွင် သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းဒေသရှိ Wilmar Myanmar ကုမ္ပဏီ သို့ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူများမှ ကြိုဆိုခဲ့သည်။

ရှေးဦးစွာ Wilmar Myanmar ကုမ္ပဏီ General Manager Mr.Chen Pan  မှ ကုမ္ပဏီ၏ ဆောင်ရွက်လုပ်ကိုင်နေသော ဆန်စက်လုပ်ငန်း၊ စားသုံးဆီလုပ်ငန်း၊ ဂျုံလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်းနှင့် စပါးခွံလောင်စာဖြင့် လျှပ်စစ်ထုပ်လုပ်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး Wilmar Myanmar ကုမ္ပဏီ၏ Local Partner ဖြစ်သူ National Infrastructure Holding ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးမောင်ကျေးမှ မြန်မာနိုင်ငံအတွင်းရှိ Wilmar Myanmar ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဖြည့်စွက်ရှင်းလင်းတင်ပြရာ ကောင်စီအဖွဲ့ဝင်မှ သိရှိလိုသည်များ မေးမြန်း၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် Wilmar Myanmar ကုမ္ပဏီဝန်းအတွင်းရှိ ဆိပ်ကမ်းလုပ်ငန်း၊ ဂျုံစက်လုပ်ငန်း၊ စာသုံးဆီလုပ်ငန်း၊ ဆန်စက်လုပ်ငန်းနှင့် စပါးခွံလောင်စာဖြင့် လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများ လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ရာ ကုမ္ပဏီတာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြခဲ့သည်

Wilmar Myanmar ကုမ္ပဏီ အနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ သီလဝါ ဆိပ်ကမ်းဒေသတ္င်င် ခေတ်မှီဘက်စုံသုံး နိုင်ငံတကာ ဆိပ်ခံတံတားနှင့်မြေဖွံ့ဖြိုးရေးလုပ်ငန်းများကို BOT စာချုပ်ဖြင့် ဆောက်ရွက်ခြင်း၊ စီးပွါးရေးဆိုင်ရာလုပ်ငန်းများ၊ ဂျုံနှင့် ဘေးထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စားသုံးဆီနှင့်ဆက်စပ်ထုတ်ကုန်လုပ်ငန်းများ၊ ဆန်နှင့်ဆန်ဆက်စပ်

ထုတ်ကုန်များ ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းများအတွက် ကိုယ်ပိုင်စပါးခွံသုံး လျှပ်စစ်ဓာတ်အားသုံးစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)