မြိတ် ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဉပဒေနှင့်အညီနေထိုင်သူစာရင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း Cross-Check ပြုလုပ်ထားရှိမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၂၂)ရက် နေ့လယ်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ) ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအတွင်းရှိ ဥပဒေနှင့် အညီနေထိုင်သူစာရင်းများ Cross-Check ပြုလုပ်ထားရှိမှုများ၊ ဖွဲ့စည်းပုံအခြေခံဉပဒေပါ ပြဌာန်း ချက်များကို ရှင်းလင်းပြောကြားသည်။
ထိုနောက် ဉပဒေနှင့်အညီ နေထိုင်သူစာရင်းများ Cross-Check ပြုလုပ်ထားရှိမှုနှင့်ပတ်သက်၍ ခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ ဆွေးနွေးတင်ပြပြီး ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။ ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးများမှ ဆွေးနွေးတင်ပြပြီး ခရိုင်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ မြိတ်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအတွင်းရေးမှူးများမှ ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးမှ ဖြည့်စွက်ဆွေးနွေး တင်ပြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်