လွိုင်လင် ဒီဇင်ဘာ ၂၃
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမ ၄ ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ဌာနဆိုင်ရာများမှ ယနေ့အစည်းအဝေးတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ညှိနှိုင်းဆွေးနွေးကြသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ပျော်ပွဲရွှင်ပွဲအဖြစ် အားကစားနည်းရှစ်မျိုး ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)