လွိုင်လင် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အထက(၁)ကျောင်း ဘောလုံးကွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ အမှာစကား ပြောကြားပြီး အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးပါသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးမှူးအား စစ်ကြောင်းမှူးမှ ပြိုင်ပွဲဝင် အားကစား အသင်းများအပ်နှံခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခြင်းများ ဆောင်ရွက်ပြီးနောက်၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လွိုင်လင်ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါက်တာမြင့်မြင့်အေးက ကျောင်းသားအားကစားပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ဆက်လက်၍ သရုပ်ပြဖျော်ဖြေရေးအစီအစဉ်တွင် လွိုင်လင်မြို့ အထက(၁)နှင့် အထက(၂) မှ ကျောင်းသူ/သားများက မြန်မာ့သိုင်းသရုပ်ပြခြင်း၊ လွိုင်လင်မြို့ ပေါ်ရှိ အထကကျောင်း၊ အလကကျောင်းများမှ ကျောင်းသူလေးများက Fitness Dance သရုပ်ပြဖျော်ဖြေကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အဆိုပါ လွိုင်လင်ခရိုင်၊ မြို့နယ်ပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲတွင် လွိုင်လင်၊ နမ့်စန်၊ ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်၊ မိုင်းရှူး၊ ကျေးသီး မြို့နယ်များမှ ကျောင်းသား/သူ (၄၂၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ခရိုင်ပြန် /ဆက်