နေပြည်တော် ဒီဇင်ဘာ ၂၃
ပျဉ်းမနားခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ယနေ့နံနက် (၁၁)နာရီအချိန်က ပျဉ်းမနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပျဉ်းမနားခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူး၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က ကလေးသူငယ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ လမ်းပေါ်နေကလေးများပပျောက်ရေးနှင့် အဆိုးရွားဆုံးခိုင်စေခြင်းခံရသော ကလေးငယ်များပပျောက်ရေးနှင့် ပြန်လည်ကုစားရေးကော်မတီနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ပျဉ်းမနားခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ လမ်းပေါ်နေကလေးပပျောက်ရေး၊ အဆိုးရွားဆုံးခိုင်စေခြင်းခံရသော ကလေးငယ်များပပျောက်ရေးနှင့် ပြန်လည်ကုစားရေးကော်မတီဝင်များတို့မှ ဆွေးနွေးတင်ပြရာ ပျဉ်းမနားခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို