ပုသိမ်ကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းလျှပ်စစ် သင်တန်းဆင်းပွဲကျင်းပ

ပုသိမ်ကြီး ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်း ကျောင်း အထောက်အကူပြုအိမ်တွင်းလျှပ်စစ် သင်တန်းဆင်းပွဲ အခမ်းအနားကိုယမန်နေ့နံနက် ၁၀နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦး က အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထွေးသန္တာက သင်တန်းဆင်း အမှာစကားပြောကြားခ ဲ့သည်။ ဆက်လက်၍ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မန်နေဂျာ ဦးကျော်ညွန့် က လျှပ်စစ်ဆိုင်ရာများအား အသိပေးရှင်းလင်းပြောကြားကာ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်တန်းတွင် ထူးချွန်ဆု ရရှိသည့် သင်တန်းသားများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းအား နှစ်ပတ်ကြာ ဖွင့်လှစ်ကာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး၊ သင်တန်းသို့ မြို့နယ်တွင်းရှိ ကျေးရွာများမှ သင်တန်းသား (၁၀)ဦး တက်ရောက်ကာ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်ကာလ စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်