မိုင်းယောင်း ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မိုင်းယောင်းမြို့နယ် အတွင်း သန့်ရှင်းသာယာလှပရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၏ စီမံမှုဖြင့် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ ရှေးဟောင်းသမိုင်းဝင် ထပ်ဟိုဖိုင်စေတီတော် ပရဝုန်အတွင်းရှိ သာသနာ့ ကျောင်းဆောင် တည်ဆောက်နေမှုနှင့် ကျေးရွာဘုန်းကြီးကျောင်း၌ ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနေမှုအား လည်းကောင်း၊ မြို့နယ်စည်ပင် သာယာရေးဌာနမှ အမှိုက်ပုံသန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်နေမှုနှင့် အမှိုက်ပုံရွှေ့ပြောင်းမည့် လျာထားနေရာအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း