ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ဟားခါး စက်တင်ဘာ ၂၃

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ နာရီက ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ချင်းပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသောင်းကြိုင်က စားသုံးသူ များ အနေဖြင့် လိုက်နာရမည့်အချက်များ၊ ဝယ်ယူစားသုံးသူများ အနေဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိသည့် စားသောက်ကုန်ပစ္စည်းများကို ဝယ်ယူကြရန်၊ တင်သွင်းရောင်းချ သူများ အနေဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိသည့် စားသောက်ကုန်ပစ္စည်းများ တင်သွင်းရောင်းချရန်၊ အရေးကြီးကုန်စည်များနှင့် ဝန်ဆောင်မှု ဥပဒေများကို လည်းကောင်း၊ ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါက်တာ ဂျိုးဇက်ဗန်ဘွေအုပ်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ အစားအသောက်၊ ဆေးဝါးနှင့်ကုန်စည် ထုတ်လုပ်သူများ သိရှိလိုက်နာရမည့် အချက်များကို ဆွေးနွေးပေးခဲ့ကြသည်။

ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြည်သူများ သိရှိစေလိုသည့် အကြောင်းအရာ အသိပညာပေးခြင်း လုပ်ငန်းများကို အွန်လိုင်းမှ တစ်ဆင့် Talk Show အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းထံမှ သိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)