လဲချား ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ လမ်း ညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီ ရဲမှူးရဲထွန်းဦး၊မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သိန်း မြင့်နှင့်စည်ပင်သာယာရေးဦးစီးဌာနတို့မှ လဲချားမြို့နယ်အတွင်းရှိ ယာဥ်အန္တရာယ်ကင်းရှင်း စေရေးအတွက် လမ်းညွှန်များ၊လမ်းအမှတ်အသားများနှင့် အချက်ပြများဆောင်ရွက်ထားရှိရာတွင် ပြုပြင်ဆောင်ရွက်ရမည့်လုပ်ငန်းများအား မြို့ဝင်၊ မြို့ထွက်၊ စာသင်ကျောင်းရှေ့များနှင့် လမ်းဆုံလမ်းခွများတွင်စိုက်ထူထားသော လမ်းညွှန်အမှတ်အသားများကို ကွင်းဆင်းကြည့်ရှု စစ် ဆေးခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)