သိန္နီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို  စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ကျင်းပ

သိန္နီ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရွှေဇင်ခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာ၌ စာစီစာကုံးပြိုင်ပွဲတွင် “(၇၅)နှစ်မြောက် စိန်ရတုမှသည် ဒီမိုကရေစီနိုင်ငံတော် သစ်ဆီသို့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးပန်း အစဉ်လန်းဖို့ ဒို့သွေးချင်းတို့လက်တွဲစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် “ မြတ်နိုးသင့်ပေချစ်အမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများသည် ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး မြို့နယ်အဆင့်ဆုများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)