မူဆယ် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ကျင်စန်းကျော့နယ်စပ်ဂိတ်မှ တရုတ်ဘက်သို့တင်ပို့သည့် မြန်မာ့ဖရဲသီး ယခုရက်ပိုင်းအတွင်း ဈေးကောင်းမရကြောင်း နယ်စပ်ကုန်သည်ထံမှ သိရသည်။
အဆိုပါ ဈေးကောင်းမရခြင်းမှာ တရုတ်နိုင်ငံတာဝန်ရှိသူက ဒီလဆန်းပိုင်းအတွင်း ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်ပေမယ့် ကိုဗစ်ဖြစ်လာရင် မိမိကိုယ်တိုင်သာ စောင့်ရှောက်ရမှာဖြစ်တာကြောင့် ဖျားနာသူတွေအနေနဲ့အိမ်အပြင် မထွက်ကြတော့တဲ့အတွက် ဝယ်သူတွေ နည်းပါးနေ သေးကြောင်း၊ အဝယ်ပါးသည့်အခါများတွင်လည်း ရှမ်းပြည်ထွက်အသီးများ နှင့် မန္တလေးဘက်က ထွက်တဲ့အသီးတွေကများပြီး စုပြုံနေတာကြောင့် ရောင်းမယ့်အသီးတွေကများပြီး ဝယ်ယူမယ့် သူတွေပါးကာဈေးမရတာဖြစ်ပြီး ကြန့်ကြာမှုတွေဖြစ်ပြီး အချို့အသီးများပျက်စီးတာ လည်းရှိတယ်ဖြစ်ကြောင်း၊ တရုတ်ဘက်က ကိုဗစ်ဖြေလျော့ပြီးတဲ့ ဒီလ ၁၁ ရက်ဝန်းကျင်မှာတော့ ဈေးနဲနဲတက်လာပေမယ့်ပြီးခဲ့တဲ့ ၂ရက်ခန့်ကတော့အစေ့မဲ့ ဖရဲ ၁ ကီလိုဂရမ်ကို တရုတ်ငွေ ၂.၅ယွမ်အောက်ရပြီး ယင်းအဆင့်မမီသောအသီးများကို ၁ ကီလိုဂရမ်ကို ၂.၅.ယွမ်အောက်၊ ၈၅၅ က ၁.၂ ယွမ်သာရတော့ကြောင်း၊ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှလည်း တင်ပို့ရတဲ့ပို့ကုန်အားလုံး လက်ရှိအထိ ရှန်တိန်စနစ်သုံးနေရဆဲအပြင် သယ်ယူပို့ဆောင်စရိတ်၊ လမ်းကြေးတွေလည်း အကုန်အကျများနေတာကြောင့် ကုန်သည်တွေအနေ နှင့် ၁ ကီလိုဂရမ်ကို ၂ ယွမ်ကို (မြန်မာကျပ်ငွေ ၈၀၀ကျပ်)ဖြင့်သာရောင်းရကြောင်း၊ ဖရဲစိုက်တောင်သူအနေနဲ့လည်း နယ်စပ်အခြေအနေတွေကို နားစွင့်ပြီး ချင့်ချိန်တင်ပို့သင့်ကြောင်း နယ်စပ်လုပ်ငန်းရှင်များနှင့်ကုန်သည်များထံမှ သိရှိရပါသည်။
ဇင်မောင်(မူဆယ်)