စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ယနေ့နံနက်(၁၀)နာရီက စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းမြင့်က စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ပြပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်းနှင့် လွတ်လပ်ရေး၏တန်ဖိုး စသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခဲ့ပြီး နံရံကပ်စာစောင်၊ စာအုပ်စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)