ပန်းဘဲတန်း ဒီဇင်ဘာ ၂၁
ကျောင်းသား/ကျောင်းသူများ စာပေအသိပညာ ဗဟုသုတတိုးပွားစေပြီး စာဖတ်ရှိန်မြင့်မားစေရေးအတွက် ပန်းဘဲတန်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်အနေဖြင့်စာဖတ်သူများလက်ဝယ်အရောက် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အထက-၁ ကျောင်းသို့ သွားရောက်၍ ကျောင်းသူများ ကို ပုံပြင်များပြောပြပေးခြင်း၊ ကျောင်းသူများကိုယ်တိုင်ဖတ်ရှုထားသည့် ပုံပြင်ကိုပြန်လည်ဆွေးနွေး ပြောပြခြင်းများ ဆောင်ရွက်ပြီး စာအုပ်၊စာစောင်များ ငှားရမ်းပေးခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ကျောင်းသား/ကျောင်းသူများအား စာအုပ်စာပေကိုလေ့လာဖတ်ရှုမှုပိုမိုတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ဖြင့် လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ပြီး အဆိုပါ နယ်လှည့်စာကြည့်တိုက်တွင် ရုပ်ပြစာအုပ်နှင့်ဂျာနယ်များ ပါရှိကြောင်းသိရသည်။
ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်စာငှားလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ရက်သတ္တ ပတ်(၂)ပတ်လျှင် တစ်ကြိမ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေါ်ဦးဆန်းကြည်