ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် စစ်ကြောင်းကြီး ၅ ကြောင်းမှ ပညာရေးစစ်ကြောင်းအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးစစ်ကြောင်း၌ ပါဝင်သည့် မြို့နယ်ပညာရေးမှူး ဦးပေါ်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)တို့က ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အခြေခံပညာ အထက်တန်း ကျောင်း (အထက-ခနောင်တို) ကျောင်းဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် RCC (၂)ထပ် ကျောင်းဆောင်(၄)ဆောင် ဆောက်လုပ်နေမှုနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် RCC (၂)ထပ်ဆောင် ဆောက်လုပ်နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေး၍ အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့အား ဆွေးနွေးပြောကြားပြီး၊ တည်ဆောက်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံ (IPRD)