လွိုင်လင်မူလတန်းကြိုကျောင်းမှ ကလေးငယ်များကာယစွမ်းရည်ပြိုင်ပွဲကျင်းပ

လွိုင်လင် ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ လွိုင်လင်မူလတန်းကြိုကျောင်း ကလေးငယ်လေးများ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်(၉)နာရီက ခရိုင်ကစားကွင်းတွင် ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် တက်ရောက်အားပေးပြီး ဆုများချီးမြှင့်ပေးပါသည်။

တစ်နိုင်ငံလုံးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းပေါင်း၂၅၀ ကျော်ရှိပြီး ကလေးငယ်ပေါင်း ၂၀၀၀၀ ကျော်ကို ကလေးငယ်များဉာဏ်ရည်ဖွံ့ဖြိုးမှုငါးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လွိုင်လင်မြို့ မူလတန်း‌ကြိုကျောင်းမှ ကလေးငယ်များကို ယခုလိုကာယစွမ်းရည်ဖွံ့ဖြိုးရေးပြိုင်ပွဲများကိုကျင်းပပေးလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စိုးစိုးမော်က ရှင်းလင်းပြောကြားသည်။ ထို့နောက် ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပပြီးနောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ဆုရရှိသည့်ကလေးငယ်များအား ခရိုင်အုပ်ချုပ်ရေးမှူးဦးကံစောလှိုင်၊ ခရိုင်မိခင်နှင့်ကလေးစာင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ‌ဒေါ်ခင်လှိုင်းဝေနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်