နောင်ချိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများပြုလုပ်ဆောင်ရွက်

နောင်ချို ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများပြုလုပ်ရာ စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ် ရေးနေ့နှင့် အမျိုးသားရေးတာဝန်” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅)ဦး၊ အလယ်တန်းအဆင့် (၁၉)ဦး၊”လွတ်လပ်ရေးနေ့ တို့မမေ့” ခေါင်းစဉ်ဖြင့်  မူလတန်းအဆင့် (၁၄)ဦး စုစုပေါင်း(၃၈)ဦး၊ ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးနေ့နှင့် အမျိုးသားရေးတာဝန်” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်(၃)ဦး၊ “လွတ်လပ်ရေးနေ့ တို့မမေ့ “ ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်(၄)ဦး၊ မူလတန်းအဆင့်(၅)ဦး စုစုပေါင်း(၁၂)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့်(၃)ဦး၊ အလယ်တန်းအဆင့်(၃)ဦး၊ မူလတန်းအဆင့်(၃)ဦး စုစုပေါင်း(၉)ဦး အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား မြို့နယ်အဆင့် စုံညီပွဲတော်တွင်  ဆုများကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းသည် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လိုစိတ်ရှိစေရန်နှင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံများကို မမေ့မလျော့စေရန် ရည်ရွယ်၍  ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)