တပ်ကုန်း ဒီဇင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေ့ပွဲစဉ်ကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
ပြိုင်ပွဲတွင် ဘုရင့်နောင်ရပ်ကွက်(က)အသင်းနှင့်အနော်ရထာရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အနော်ရထာရပ်ကွက်အသင်းက ဘုရင့်နောင်ရပ်ကွက်(က)အသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြို့မိမြို့ဖများ၊ ဘောလုံးအားကစား ဝါသနာရှင်များ စုစုပေါင်းပရိသတ် (၅၀၀) ဦးကျော်တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အုပ်စု(က)တွင် အောင်ဇေယျရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(ခ)၊ မြဝတီရပ်ကွက်၊ စုပေါင်းအသင်း၊ အုပ်စု(ခ) တွင် အနော်ရထာရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(က)အသင်းတို့ ပါဝင်ယှဉ်ပြိုင်ပတ်လည်ကစားကြပြီး၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၄ရက်နေ့တွင် ယှဉ်ပြိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်