နောင်ချိုမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာပုံမှန် ထုတ်ပေး

နောင်ချို ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား လစဉ်(၂၁)ရက်နေ့မှစ၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွက် ပင်စင်လစာငွေများကို ယနေ့ နံနက် ၈နာရီအချိန်မှစ၍ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လက်ရှိမှာ အငြိမ်းစားပင်စင်ထုတ်ယူသူပေါင်း (၁၅၀၀) ဦးရှိပြီး အဆိုပါ ပင်စင်လစာ လာရောက်ထုတ်ယူသည့် ရပ်ကွက်များနှင့် ကျေးရွာများအလိုက် ပင်စင်စား ပြည်သူများကို လစဉ် ၂၁ ရက်နေ့မှ  ၂၉ရက်နေ့အထိ  သတ်မှတ်ထားသော နေ့ရက်များအလိုက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း၊ ၎င်းရက်များအတွင်း လာရောက်ထုတ်ယူခြင်း မရှိသူများကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်း ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အငြိမ်းစား ပင်စင်လစာကိုကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ကိုယ်စားလှယ်လွှဲစာဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)