စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၁

ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရုံး/ ဌာနရပ်ကွက်‌/ ကျေးရွာများနှင့် စာသင်ကျောင်းများသို့ ငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက မြို့မဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။ အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသစာအုပ်မျိုးစုံ (၅၀)ကျော်ကို ငှားရမ်းပေးခဲ့ကြောင် သိရသည်။

ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ရုံး/ဌာန ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးခြင်းအပြင် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့လာ‌ရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

သားငယ်(ပုဗ္ဗသီရိ)