မဟာအောင်မြေ ဒီဇင်ဘာ ၂၀
မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် မန္တလေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း၊ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးယဉ်ထွေး၊ တိုင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ နည်းပြများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးများမှ ဝန်ထမ်းများ၊ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှ အဖွင့်အမှာစကား ပြောကြားပြီး၊ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီး ကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးယဥ်ထွေးမှ မြေပြင်ကွင်းဆင်း ကောက်ယူရေး စီမံချက်သင်တန်းဆိုင် ရာများဖွဲ့စည်းပုံနှင့် တာဝန်များရှင်းလင်း ပြောကြားခဲ့ကြောင်း ပြီးနောက်နည်းပြများမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးသင်တန်းများပို့ချပေးခဲ့ ကြောင်းသိရသည်။
အောင်ဇော်မင်း