သပိတ်ကျင်း ဒီဇင်ဘာ ၂၁
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စာအုပ်/စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါစာအုပ်စာစောင်ပြပွဲတွင် လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ၏မှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးနှင့်ပတ်သက်သည့်အဆိုအမိန့်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ လွတ်လပ်ရေးနှင့်ပတ်သက်သည့်ဆောင်းပါးများ၊ ကဗျာများနှင့်သုတ/ရသစာအုပ်များခင်းကျင်းပြသခဲ့သည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးစာအုပ်/စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထိုက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ခိုင်စန္ဒာထွန်းနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာစမ်းနှင့်ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ၊ စာပေချစ်မြတ်နိုးသူများတက်ရာက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)၊ သပိတ်ကျင်းမြို့