ကွတ်ခိုင် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေနှင့်ပြည်နယ်ရန်ပုံငွေဖြင့် ကွတ်ခိုင်မြို့နယ်အတွင်း ကျေးရွာများတွင် ကျောက်ချောလမ်းနှင့် ကတ္တရာလမ်းခင်းကျင်းခြင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှစ၍ စတင်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းများ ခင်းကျင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း(၂၂၀.၂၂၀)ဖြင့် ၃၈ မိုင်မန်ပြိန်း-နမ့်ကျင်လီ-ပန်စံ-ပန်လော့ လမ်းအရှည် (2.15km) ကျောက်ချောလမ်းခင်းခြင်း၊ ၂၀၂၂-၂၀၂၃ ပြည်နယ် ရန်ပုံ ငွေကျပ်သန်း(၁၈၇.၅၀၀)ဖြင့် အင်မိန်းဟိုကျန့်-မန်ထမ်-ဟွေခုတ်-တုံဆိမ်လုံလမ်း လမ်းအရှည် (1.206km) ကတ္တရာလမ်းခင်းခြင်းနှင့် ပြည်နယ်ရန်ပုံငွေရန်ပုံငွေ ကျပ်သန်း(၉၀)ဖြင့် မူဆယ်လမ်းမ-မန်မောင်လမ်း လမ်းအရှည်(0.805km) ကတ္တရာ လမ်းခင်းခြင်းတို့ကို ၂၀၂၂ ခုနှစ်၊ ဇွန်လပထမပတ်မှစ၍ စတင်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးလက်နေပြည်သူများ အနေဖြင့် အဆင်ပြေချောမွတ်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးစိုးမြတ်ဇော် ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်