ပန်ဆိုင်း ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ပန်ဆိုင်း(ကြူကုတ်)မြို့ မြို့အုပ်ချုပ်ရေးမှူးဦးစိုင်းမြတ်အောင်က (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ငန်းတာဝန်များ၊ မြေပြင်ကွင်းဆင်းကောက်ယူရေးသတ်မှတ်ရက်မတိုင်မီ မြို့အဆင့်ကော်မတီ၊ ရပ်ကျေးအုပ်စုကော်မတီနှင့် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့စသည်တို့ကို ဖွဲ့စည်းထားကြရန်၊ ကွင်းဆင်းကောက်ယူရေးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့မှ (၃၀)ရက်အတွင်းတွင် စနစ်တကျမှန်မှန်ကန်ကန် ပြီးစီးအောင်ဆောင်ရွက်ကြရန် မှာကြားပြီး မြို့အဆင့်(Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးအတွက် လိုအပ်သည့်အချက်များကိုဒုလဝကမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးမျိုးသိန်းအေးက လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေးစီမံချက်အခြေအနေတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တာဝန်ရှိသူများက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပန်ဆိုင်း(ပြန်/ဆက်)