တနင်္သာရီတိုင်းဒေသကြီး၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီး အဆင့်နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၂၀

တိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များအလိုက် လူဦးရေစာရင်းမှန်ကန်စေရေး တနင်္သာရီတိုင်းဒေသကြီး၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ဖွင့်လှစ်ပို့ချမည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး၊ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို နေ့နံနက် (၉) နာရီအချိန်က ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကော့သောင်းခရိုင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ကော့သောင်းခရိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းကို တိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များအလိုက် လူဦးရေစာရင်း မှန်ကန်စေရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး (Working Group) များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ စာရင်းကောက်လက်စွဲစာစောင်ပါ အကြောင်းအရာများ၊ ကျင့်ဝတ်များ၊ အိမ်ထောင်စုစာရင်း ရေးသွင်းခြင်းနှင့် စာရင်းကောက်များ သိထားသင့်သည်များ၊ စာရင်းကောက်ယူပြီး စာရင်းချုပ်ပြုစုခြင်းနှင့် မသန်စွမ်း(၅)မျိုးအား စာရင်းကောက်ယူမှု နည်းစနစ်များ၊ ယာယီနေထိုင်သူများအား စာရင်းကောက်ယူခြင်းဆိုင်ရာများ၊ ပြောင်းဝင်/ ပြောင်းထွက်/ သေဆုံးသူများနှင့်စပ်လျဉ်းသည့် မှတ်ချက်ပေးပြီး (update) ပြုလုပ်ခြင်း ဆိုင်ရာများ၊ အိမ်ထောင်စုအတွင်း နိုင်ငံသားကတ်ပြားအမှတ်များ ပြန်လည်ဖြည့်သွင်းခြင်း ဆိုင်ရာများ၊ အိမ်ထောင်စု(၁)ခုထက်ပို၍ ကိုင်ဆောင်ထားသူများနှင့် အိမ်ထောင်စုအလိုက် ထပ်နေသူများအား နိုင်၄ Server မှ ပြန်လည်ရှာဖွေဖြည့်သွင်းခြင်းဆိုင်ရာများ စသည့်သင်ခန်းစာများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရှိင်အတွင်းရှိ ရုံးများမှ ဝန်ထမ်းသင်တန်းသားများအား သင်တန်းနည်းပြမှ သင်တန်းကာလ (၂)ရက်တာ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)