လှည်းကူးမြို့နယ်တွင် Mobile  Library စနစ်ဖြင့်စာဖတ်သူလက်ဝယ်အရောက်စာအုပ်၊ စာစောင်များငှားရမ်းပေး

လှည်းကူး ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသော စာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းအားဖြင့် စာဖတ် ပတ်ရိတ်သတ် ပိုမိုတိုးတက်လာခြင်း၊ အသင်းဝင် ပိုမိုတိုးတက်လာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ အားလပ်အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေခြင်း စသည့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေး‌အခေါ် ပိုမို ကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်စေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ ရုံးများနှင့် စာသင်ကျောင်းများသို့ အပတ်စဉ် အလှည့်ကျ စာအုပ်/ စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)