အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျိုင်းတုံတက္ကသိုလ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် ကုန်သည်မျာ၊ စက်မှုလက်မှုလုပ်ငန်းရှင်းများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၂၀

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျိုင်းတုံတက္ကသိုလ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်ကုန်သည်မျာ၊ စက်မှုလက်မှုလုပ်ငန်းရှင်းများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ကျိုင်းတုံတက္ကသိုလ်၌ ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစမ်းစမ်းမာက အမှာစကားပြောကြားပြီး ကျိုင်းတုံတက္ကသိုလ်  ပါမောက္ခဌာနမှူးများက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအကျိုးပြု အသုံးချဘာသာရပ်များကို ဒေသအတွင်း လူငယ်များနှင့်  ပြည်သူများအား သင်တန်းပို့ချသင်ကြားရေးအတွက် ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များက ဒေသအတွင်း စီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သတ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)