ဒလမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒလ ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင်(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်များကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစည်သူကျော်က (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀)၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲ၊ ရိုးရာအားကစားပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဌာနဆိုင်ရာများအနေဖြင့် ပူပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒလမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုနိုင်က (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့်ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်နိုင်ရေးဆွေးနွေးခဲ့သည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာမှအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အားကစားပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစည်သူကျော်က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြား ခဲ့ကြောင်းသတင်းရရှိပါသည်။

မြင့်ဇော်(ပြန်/ဆက်)