မြင်းခြံ ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (မြင်းခြံ) ကျောင်းတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် (၁) နာရီခွဲက အစိုးရစက်မှုလက်မှုသိပ္ပံ (မြင်းခြံ) ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြင်းခြံခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်အဖွဲ့ဌာနစိတ်မှ ဒုတိယရဲမှူးနေလင်းနှင့် ရဲအုပ်ကျော်ဆန်းတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်များ၊ Online လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်သည့် အသိပညာပေးဆိုင်ရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အစိုးရစက်မှုလက်မှုသိပ္ပံ (မြင်းခြံ) မှ ပါမောက္ခချုပ် ဒေါက်တာလေးမာန်ဝင့်၊ ပါမောက္ခမှူးများ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများစုစုပေါင်း (၂၅၀) ဦးတက်ရောက်ခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)