ညောင်ဦး ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် Resources Venture International Publication (RVIPS) တို့ ပူးပေါင်းစီစဉ်ကျင်းပသော Myanmar RUN 2022 IN Bagan RACE အပြေးပြိုင်ပွဲကြီးကို ဒီဇင်ဘာ ၁၈ ရက်၊ နံနက် ၆ နာရီအချိန်က ပုဂံမြို့ အာနန္ဒာဘုရားကြီးတောင်ဘက်မုဒ်၌ ကျင်းပပြုလုပ်ခဲ့ရာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ စီမံအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်အလံအားဝှေ့ရမ်းကာ ပြိုင်ပွဲဝင်များကို တာလွှတ်ပေးခဲ့ကြောင်း သိရသည်။
ပုဂံဒေသသို့ပြည်တွင်း ပြည်ပခရီးသည်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် ပုဂံဒေသ ခရီးစဉ် ကမ္ဘာတလွှားမှ စိတ်ဝင်စားလာစေရန် Resources Venture International Publication (RVIPS)မှ Bagan Race 2022 အပျော်တမ်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ အသက် (၁၂)နှစ်မှ အသက်(၁၆)နှစ်ထိ ကျောင်းသား/သူ ၇၈၀ ဦး၊ စုစုပေါင်း (၈၅၀) ဦး တက်ရောက်ခဲ့ကြောင်း၊ ပြိုင်ပွဲတွင် ၃ ကီလိုမီတာတန်း၌ (၄၆၅)ဦး၊ ၅ ကီလိုမီတာ တန်း၌ (၃၁၅)ဦး၊ စုစုပေါင်း (၇၈၀)ဦးတို့မှ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပြိုင်ပွဲတွင် ၃ ကီလိုမီတာတန်းမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုတို့အား ကျား(၁)ဦး၊ မ(၁)ဦးစီ ရွေးချယ်ခဲ့ရာ ပထမဆုကို မောင်ဟိန်းထက်ဇင်နှင့် မမေသန္တာ၊ ဒုတိယဆုတွင် မောင်အောင်ပြည်ဖြိုးနှင့် မမေသီရိအောင်၊ တတိယဆုတွင် မောင်လူကြာဟားနှင့်မတင် တင်အောင်တို့မှလည်းကောင်း၊ ဝန်ထမ်းအဖွဲ့မှ ပထမဆုတွင် မနှင်းလု၊ ဒုတိယဆု မခိုင်တာသွယ်၊ တတိယဆုတွင် မဆောင်းနှင်းဖွေးတို့မှလည်းကောင်း၊ အသီးသီးဆုများရရှိခဲ့ကာ ပထမဆု သုံးသိန်းကျပ်၊ ဒုတိယဆု နှစ်သိန်းငါးသောင်းကျပ်၊ တတိယဆု နှစ်သိန်းကျပ်တို့ဖြင့် ဆုချီးမြှင့်ခဲ့ကြောင်း၊ ၅ ကီလိုမီတာတန်း၌ ပထမဆုကို မောင်ဝင်းနိုင်နှင့် မခင်စပါယ်လှိုင်၊ ဒုတိယဆုကို မအိဖြူနှင့် မောင်သိန်းဆွေ၊ တတိယဆုတွင် မောင်မျိုးမင်းထွေးနှင့် မသင်းခွာညိုတို့မှလည်းကောင်း၊ ဝန်ထမ်းအဖွဲ့မှ ပထမဆုတွင် ဩစတြေးလျနိုင်ငံသား ကျောင်းဆရာ Mr.Andres ၊ဒုတိယဆုတွင် မမေ၊ တတိယဆုတွင် မောင်ထက်မြက်မြင့်သူတို့မှလည်းကောင်း ဆုများရရှိခဲ့ရာ ပထမဆု လေးသိန်းငါးသောင်းကျပ်၊ ဒုတိယဆု သုံးသိန်းငါးသောင်းကျပ်၊ တတိယဆုတို့အား နှစ်သိန်းငါးသောင်းကျပ်တို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ