တနင်္သာရီတိုင်းဒေသကြီး(၁၀)မြို့နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ အသက်(၁၈)နှစ်အောက် ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ(လူရွေးပွဲ၊ ဗိုလ်လုပွဲ)ကျင်းပ

ထားဝယ် ဒီဇင်ဘာ ၁၉

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တနင်္သာရီတိုင်းဒေသကြီး၊ (၁၀)မြို့နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ အသက်(၁၈)နှစ်အောက် ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ(လူရွေးပွဲ၊ ဗိုလ်လုပွဲ)ကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသား/အမျိုးသမီးပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

အသက်(၁၈)နှစ်အောက် (လူရွေးပွဲ၊ဗိုလ်လုပွဲ) ပြေးပြို်ငပွဲတွင် အမျိုးသမီး/အမျိုးသား မီတာ(၁၅၀၀)နှင့်(၂၀၀)၊ အလျားခုန်၊ သံပြားပစ်၊ လက်ဆင့်ကမ်း (၄၀၀×၄) စသည့်တို့ကိုယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်းရသည်။

ငွေဇင်ယော်(ထားဝယ်)