မက်မန်းမြို့၌ ဆောင်းသီးနှံနေကြာစိုက်ပျိုးခြင်းအကြောင်းအသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်

မက်မန်း ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမက်မန်းခရိုင်၊ မက်မန်းမြို့၌ ဆောင်းသီးနှံ နေကြာစိုက်ပျိုးခြင်းအတွက် ရရှိလာမည့် အကျိုးကျေုးဇူးများအကြောင်း၊ နေကြာစတင် စိုက်ပျိုးမည့် တောင်သူများအနေဖြင့် သိရှိနိုင်မည့်အချက်များနှင့် နေကြာစိုက်ပျိုးရာတွင် ကုန်ကျစရိတ်များအကြောင်းကို ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ရိုက်ကူးခဲ့ သည်။

ထိုသို့ ဆွေးနွေးရိုက်ကူးရာတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ဆောင်းသီးနှံ နေကြာစိုက်ပျိုးခြင်းအကြောင်းရိုက်ကူးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးမျိုးခိုင်က မက်မန်းမြို့နယ်တွင် စတင်၍ နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ဆွေးနွေးရာတွင် “မက်မန်းမြို့နယ် နေကြာများကို (၁၇)ဧကကျော် စိုက်ပျိုးထားပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် စိုက်ပျိုးသင့်သည့် မြေအမျိုးအစား၊ တစ်ဧက စိုက်ပျိုးရေးကုန်ကျစရိတ်၊ မက်မန်းမြို့နယ်တွင် လက်ရှိစိုက်ပျိုးထားသည့် နေကြာအမျိုးအစား၊ သုံးစွဲသင့်သည့် မြေဩဇာများအကြောင်း၊  နေကြာစိုက် ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။

ဆောင်းသီးနှံနေကြာစိုက်ပျိုးခြင်းအကြောင်းအသိပညာပေး (Talk Show) ရိုက်ကူးခြင်းအစီ အစဉ်ကို မက်မန်းမြို့နယ်အတွင်းရှိ နေကြာစိုက်တောင်သူများသိရှိနိုင်ရေးအတွက် မက်မန်းခရိုင် We Love Page နှင့်  ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပန်းကျင်(ခရိုင်၊ပြန်/ဆက်)