သရက်ချောင်း ဒီဇင်ဘာ ၁၉
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီ အချိန်က သရက်ချောင်းမြို့၊ ပန်းတော(မူလွန်)ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲသို့ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုနင့်ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွက်ဝါအောင်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် "နေ့ထူးနေမြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာခြင်းသမိုင်းကြောင်းကို ကျောင်းသား/သူများ သိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွက်ဝါအောင်က ကျောင်းသား/သူများအနေဖြင့် "ကျန်းမာသက်ရှည်နေရအောင် တိုင်းရင်းနည်းကိုဆောင်" ဟူသော ဆောင်ပုဒ်နှင့်အညီ ကံ၊ စိတ်၊ ဥတု၊ အာဟာရဖြင့် ကျန်းမာစွာ နေထိုင်နည်းသိကောင်းစရာများကို စာစောင်များပြသ၍ အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။
သားကြီး(သရက်ချောင်း)