တံတားဦး ဒီဇင်ဘာ ၁၉
တံတားဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဘတ်ဂျတ်ရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများတွင် (၁၀၀)ရာခိုင်နှုန်းပြီးစီးသော စာသင်ကျောင်း များအား ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဆောက်အဦများကို စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရေး၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ပေါ်တွင် ဘေးအန္တရာယ်မဖြစ်စေရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျဆောင်ရွက်ရေး၊ အဆောက်အဦ သစ်များအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးတို့ကို လုပ်ငန်း ခွင်၌ တာဝန်ရှိသူများကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများတွင် (၁၀၀) ရာခိုင်နှုန်းပြီးစီးသည့် စာသင်ကျောင်းများဖြစ်သော Pr0 5 Plus ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တံတားဦးမြို့နယ် ဝန်ပတေ့ကျေးရွာရှိ အခြေခံပညမူလတန်းကျောင်း၌ ခွင့်ပြုငွေကျပ်(၄၉.၉၅) သန်းဖြင့် ဆောက်လုပ်သည့် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ Steel Structure အုတ်ညှပ်(၁)ထပ် အဆောက်အဦသစ်ကိုလည်းကောင်း၊ ဇီးချောင်းကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းတွင် ခွင့်ပြုငွေကျပ်( ၄၉.၉၅)သန်းဖြင့် ဆောက်လုပ်သော အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်(၁)ထပ် Steel Structure အဆောက်အဦသစ်ကိုလည်းကောင်း၊ သဲမောင်ကန်ကျေး ရွာရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် ခွင့်ပြုငွေကျပ်( ၄၉.၉၅)သန်းဖြင့် ဆောက်လုပ်သော အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်(၁)ထပ် Steel Structure အဆောက်အဦသစ်ကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးကြသည်။
ဦးရဲတင့်( ပြန်/ဆက်)