နမ္မတူ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့လယ်ဓမ္မာရုံ၌ (၇၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် (၈) နာရီခွဲ အချိန်က အဆိုပါမြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် သဒ္ဒါရှင်ကုသိုလ်ရှင် ဘုရားဒါယိကာ/ဒါယိကာမ အပေါင်းတို့က ပင့်သံဃာတော်အပါး (၂၉၀) ပါး၊ သာသနာ့နွယ်ဝင်သီလရှင် (၁၈) ပါး၊ စုစုပေါင်း (၃၀၈) ပါးတို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆပ်ကပ်လောင်းလှူခဲ့ပြီး၊ ဘော်တွင်းဓမ္မိကာရာမ ကျောင်းတိုက်ဆရာတော်ကြီး ဦးက္ကုန္ဒာစရိယထံမှ ဆွမ်းအနုမောဒနာ တရားတော်များ နာကြားခဲ့ကာ ရေစက်သွန်းချ အမျှအတန်း ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)