မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ် ကအဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို အ.ထ.က(မိုင်းဆတ်)မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၉)ဦးက လွတ်လပ်ရေးနေ့ နှင့်စပ်လျဉ်းသည့် ကြိုက်နှစ်သက်ရာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆုရရှိသည့် မဇင်ဇင်ဦးအား အ.ထ.က(မိုင်းဆတ်)မှ အထက်တန်းပြ ဆရာကြီး ဦးမာဒင်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မသီရိနိုင်အား ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင် ကလည်းကောင်း၊ တတိယဆုရရှိသည့် မောင်ကျော်စည်သူခန့်အား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်ကလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်လွတ်လပ်ရေးနေ့ အသိပညာပေး နံရံကပ်စာစောင်များ၊ မှတ်တမ်းဓါတ်ပုံမျးကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)