သီပေါ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများသည် တုံစင့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယနေ့နံနက် (၉) နာရီက အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ ပြင်ပဗဟုသုတများ ရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်းနှင့် ကလေးအလုပ်သမားများနှင့် ပတ်သက်သော အကြောင်းအရာများ၊ လူကုန်ကူးမှုနှင့် ပတ်သက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေး သီပေါ (ပြန်/ဆက်)
ဒေါ်ခင်နီလာစိုး(ဦးစီးအရာရှိ)