မိုးနဲမြို့နယ်၌ ရာသီပေါ် သီးနှံများ စိုက်ပျိုးရာတွင် ထွန်စက်ကြီးအသုံးပြုမှု ပိုမိုများပြားလာ

မိုးနဲ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေးကျေးရွာနေ တောင်သူအများအပြား ရာသီပေါ်သီးနှံများ လယ်ယာမြေ၌ စိုက်ပျိုးရာတွင် ထွန်စက်ငယ်ထက် ထွန်စက်ကြီးကို ပိုမိုအသုံးပြုလာကြကြောင်း သိရသည်။

လယ်စိုက်တောင်သူများအနေဖြင့် ရာသီပေါ်သီးနှံများ လယ်‌ယာမြေအတွင်း စိုက်ပျိုးရာတွင် ထွန်စက်ကြီးများကို ပိုမိုအသုံးပြုလာရခြင်းမှာ အချိန်တိုတိုနှင့် ထွန်ယက်နိုင်သည့်အတွက် ရာသီပေါ် သီးနှံစိုက်ပျိုးရန် ကြန့်ကြာမှုမရှိခြင်းနှင့် လူပင်ပန်းသက်သာခြင်းကြောင့် ငှားရမ်းထွန်ယက်ကြကြောင်း၊ ထွန်စက်ကြီးများဖြင့် ထွန်ယက်ရန် ငှားရမ်းရာတွင်လည်း တစ်နာရီ ကျပ် ၅၀၀၀၀ ဖြင့် ငှားရမ်းရကြောင်း၊ ပုံမှန်အားဖြင့် ကျပ် ၅၀၀၀၀ ဖြင့် ငှားရမ်းရသော်လည်း မိမိလယ်ခင်းအတွင်း ပဲဇင်းငုံများ စိုက်ပျိုးထားသည့်အတွက် သစ်မြစ်များသဖြင့် ကျပ် ၅၅၀၀၀ ဖြင့် ငှားရမ်းထားရကြောင်းနှင့် ဝမ်ဟေးကျေးရွာနေ ပြောင်းစိုက်တောင်သူများအနေဖြင့်လည်း ပြောင်းများ ရိတ်သိမ်းပြီးဖြစ်သဖြင့် ထွန်စက်ကြီး ငှားရမ်းအသုံးပြု၍ ထွန်ယက်ရန် ပြင်ဆင်လျက်ရှိကြောင်း တောင်သူ ဦးဇောတထံမှ သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)