ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ပုံပါကျင် ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့၌ (Book Club)အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စာရေးဆရာ‌ ဒေါက်တာမြင့်သန်း(ညောင်လေးပင်)၏ "မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃‌ ဒေါ်မြမြအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club) အသင်းဝင်ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဦးဆောင်၍ စာရေးဆရာ ဒေါက်တာမြင့်သန်း(ညောင်လေးပင်)၏ "မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုများ"စာအုပ်ထဲမှ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် ခေါင်းစဉ်ဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့်အတူ အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် (Book Club)အဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည်ရှင်းလင်း‌ ဆွေး‌နွေးခဲ့ကြောင်း သိရသည်။

သော်တာ (ပြန်/ဆက်)