ရေဇွာ စက်တင်ဘာ ၂၂
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ရေဇွာမြို့ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ လူငယ်များပူးပေါင်းပြီး နှာခေါင်းစည်း (Mask)များ ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် စတင်ပြီး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် တားဆီးနိုင်ရန်အတွက် မြို့ဝင်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများ၏ ခရီးသွားရာဇဝင်များ မေးမြန်းပြီး စာရင်းမှတ်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများနှင့် မြို့တွင်းလမ်းဆုံလမ်းခွများတွင် အသိပညာပေးလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန် ရည်ရွယ်ပြီးမြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်းအောင်လိန်း၊ ဌာနဆိုင်ရာများနှင့် လူငယ်များပူးပေါင်းပြီး ပြည်သူများ ဝင်ထွက်သွားလာမှု များပြားသည့် ရေဇွာမြို့ခြောက်လမ်းဆုံနှင့် မြို့တွင်းလမ်းဆုံလမ်းခွများတွင် နှာခေါင်းစည်း (Mask)များ မတပ်ဆင်ဘဲ အိမ်ပြင်မထွက်ရန် ပညာပေးခြင်း လုပ်ငန်းများကို အပတ်စဉ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)