ဆဒုံးမြို့၌ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်နှင့်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

ဆဒုံး စက်တင်ဘာ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အမှတ် (၂)ရပ်ကွက် ယာယီတိုက်ပွဲရှောင်စခန်းတွင် ယနေ့နံနက် (၉) နာရီတွင် ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းထင်ဦးက ဆန်နှင့်ထောက်ပံ့ငွေများ ထောက်ပံ့ပေအပ်းမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ယာယီတိုက်ပွဲရှောင် ပြည်သူများ စားသောက်ရေး အဆင်​​​ပြေစေရန် တိုက်ပွဲရှောင်အိမ်ထောင်စု (၄၅)စု အတွက် တစ်လစာ ဆန်အိတ်(၇၇)အိတ်နှင့် အိမ်ထောင်စုတစ်စုလျှင် (၄၀,၀၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၄၅)စုအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၈)သိန်းကျပ်ကို ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းတို့က ပေးအပ်ခဲ့ရာ ယာယီတိုက်ပွဲ ရှောင်တာဝန်ခံတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ကျော်နိုင်ဌေး(ပြန်/ဆက်)