ဟားခါး စက်တင်ဘာ ၂၂
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့်နေရာများ ဖြစ်သည့်အတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ စံသတ်မှတ်ချက်များနှင့်အညီ စက်တင်ဘာလ ၂၂ ရက် ယနေ့ မှစ၍ ဆိုင်ထိုင်စနစ် မရှိစေဘဲ ပါဆယ်စနစ်သို့ သတ်မှတ်ရောင်းချစေကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကာလအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးလျှော့ချခြင်းအနေဖြင့် Coronavirus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များနှင့်အညီ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်မရှိစေဘဲ ပါဆယ်စနစ်သို့ သတ်မှတ်ရောင်းချခြင်းကို ပြည်သူအားလုံးမှ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား ဟားခါးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံသတ်မှတ် ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလအတွင်း ရောဂါကူးစက် ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများဖြစ်သည့် ဟိုတယ်များနှင့် သီးခြားနေရာများရှိ Bar ၊ Night Club ၊ KTV များ ဖွင့်လှစ်ခြင်း ခွင့်မပြုထားကြောင်း၊ လူစုလူဝေးများပြားသည့် အစိုးရ ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် စုပေါင်းရုံးများတွင် ကျန်းမာရေးစစ်ဆေးခြင်းများကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက် ထားကြောင်း၊ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် Church ကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်း များကိုလည်း လူစုလူဝေး လျှော့ချခြင်းအနေဖြင့် ယာယီရပ်ဆိုင်းထားကြောင်းနှင့် လူစုလူဝေးလျော့ချခြင်း အနေဖြင့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်မရှိစေဘဲ ပါဆယ်စနစ်ဖြင့် သတ်မှတ်ရောင်းချ စေခြင်း ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)