မိုင်းရယ် စက်တင်ဘာ ၂၂
COVID-19 ရောဂါကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် အနေဖြင့် ကူးစက်ခံရမှု မရှိသော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
COVID-19 ရောဂါကာကွယ်ရေးများအဖြစ် မြို့အဝင်တွင် စစ်ဆေးရေးဂိတ်ထားရှိပြီး မြို့တွင်းသို့ ဖြတ်သန်းသွားလာမှုများအား စစ်ဆေးခြင်း၊ မော်တော်ယာဉ်ဖြင့် COVID-19 ရောဂါကာကွယ်ရေးအဖြစ် လူတိုင်း အပြင်ထွက်စဉ် Mask တပ်ဆင်စေရေး၊ အပြင်မှ ပြန်လာ ပြီးတိုင်း လက်ဆေးရန်အတွက် ပညာပေးလှုံ့ဆော်ရေး တေးသီချင်းများဖြင့် ပညာပေးခြင်း၊ ဆရာတော်သံဃာတော်များဖြင့် မြို့တွင်းလှည့်လည်၍ ကပ်(၃)ပါးကျော်လွှားနိုင်ရေးအတွက် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်