ဆဒုံးမြို့တွင် မြို့ပေါ်ရပ်ကွက်နှင့် ဆနာကျေးရွာအုပ်စုအတွက် ဆန်အိတ်များ လှူဒါန်း

ဆဒုံး စက်တင်ဘာ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်နှင့် ဆနာကျေးရွာအုပ်စုရှိ ပြည်သူများအတွက် ဆန်အိတ်များကို အလှူရှင်တစ်ဦးက ယနေ့နံနက် ၁၀ နာရီတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်နေ အလှူရှင် ဒေါ်ဆာလော်မီးက ဆဒုံးမြို့ပေါ် (၅)ရပ်ကွက်နှင့် ဆနာကျေးရွာအုပ်စု ပြည်သူများ အတွက် တစ်ရပ်ကွက်လျှင် (၈)ပြည်ပါ ဆန်အိတ် (၃၃) အိတ်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၁၉၈) အိတ်ကို ပေးအပ်လှူဒါန်းရာ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းက လက်ခံခဲ့ကြောင်း သိရသည်။

ဝေါ်တား (ပြန်/ဆက်)