သာစည် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ပညာရေးမှူးရုံးက ကြီးကြပ်၍ အခြေခံပညာကျောင်းပေါင်းစုံမှ အသက် ၁၆ နှစ်အောက် မြို့နယ်အဆင့် အားကစားသမားများ ကို ယနေ့တွင် မြို့နယ်အားကစားပြိုင်ကွင်း၌ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ရွေးချယ်ကြောင်း သိရသည်။
ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ရွေးချယ်ရာတွင် ဘောလုံးအားကစားနည်းနှင့် ဘော်လီဘော အားကစားနည်းတို့တွင် အမျိုးသားတစ်သင်းနှင့် အမျိုးသမီးတစ်သင်း၊ ပိုက်ကျော်ခြင်း အမျိုးသားတစ်သင်း၊ ပြေးခုန်ပစ်အားကစားနည်းများ၌ ကစားနည်းတစ်မျိုးလျှင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူက စားသမားများမှာ ခရိုင်အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)