ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးအသိပညာပေး ဆောင်ရွက်

ဘုတ်ပြင်း  စက်တင်ဘာ  ၂၂  

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့တွင် ၈ ပေ ၄ ပေ သီခြားပြဘုတ်ဖြင့် ဆေးလိပ်ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံး မှု ထိန်းချုပ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်ကပြသ ဆောင်ရွက်လျက် ရှိသည်။
ပြသဆောင်ရွက်ရာတွင် တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ကျန်းမားရေး အန္တရာယ်ဖြစ်စေသော ဆေးရွက်ကြီးထွက်ပစ္စည်း သုံစွဲမှုနှင့်ထုတ် လုပ်ဖြန့်ဖြူး ရောင်းချခြင်း အသိပညာပေး လက်ကမ်း စာစောင်နှင့်စာစောင်ပါအကြောင်းအရာများ၊  ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်၊ ဆေးလိပ် ဆေးရွက်ကြီးကြောင့် ဖြစ်တတ်သောရောဂါများ၊ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်များ၊ ဆေးရွက်ကြီးများသုံးစွဲလျှင် ကလေးမီးဖွားရာ တွင်ဖြစ်ပေါ် တတ်သည့်အခြေအနေများ၊ အသိပညာပေးကာတွန်းရုပ်ပုံများ နှင့်ရှောင်ရန်၊ ဆောင်ရန် အချက်များကို ဒေသခံပြည်သူများ  ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးပြသ ဆောင်ရွက် ထားကြောင်း သိရသည်။
သန်းထွန်းဦး(ပြန်/ဆက်)